International News

ဒီဇင်ဘာလ (၁)ရက်နေ့တွင် တရုတ်နိုင်ငံ၏ ပဲပုပ်ဆီနှင့် စားအုန်းဆီဈေးကွက် အနည်းငယ် အားပျော့လာ

Last Updated:

ဒီဇင်ဘာလ (၁) ရက်နေ့တွင် တရုတ်နိုင်ငံ၏ ဈေးကွက်၌ ပဲပုပ်ဆီဈေးနှုန်းမှာ ယခင်ရက်သတ္တပတ်ကထက် (၃.၇၈) ရာခိုင်နှုန်းကျဆင်းကာ တစ်တန်လျှင် ယွမ်ငွေ (၉,၆၈၀) သို့လည်းကောင်း၊ စားအုန်းဆီပျမ်းမျှဈေးနှုန်းမှာ ယခင်ရက်သတ္တပတ်ကထက် (၂.၇၁) ရာခိုင်နှုန်းကျဆင်းကာ တစ်တန်လျှင် ယွမ်ငွေ (၉,၇၆၀) သို့လည်း ကောင်း အသီးသီးကျဆင်းခဲ့သည်ကို တွေ့ရပါသည်။

ပြည်ပဈေးကွက်မှာ အားနည်းနေပြီး၊ ပြည်တွင်းဈေးကွက်၌ ဈေးကျရိပ်သန်းမည့် မျှော်လင့်ချက်များဖြင့် ဝယ်ယူနေကြသောကြောင့် စားသုံးဆီကြိုရောင်းကြိုဝယ် ဈေးနှုန်းများမှာလည်း တဖြည်းဖြည်းကျဆင်းလာပါသည်။ ကြိုရောင်းကြိုဝယ်ဈေးကွက်၏ ဖိအားကြောင့် ပဲပုပ်ဆီနှင့် စားအုန်းဆီ လက်ငင်းဈေးနှုန်းများ အနည်းငယ် ကျဆင်းလာပါသည်။ ယခုနှစ်ကုန်ပိုင်းအထိ စားသုံးဆီဝယ်လိုအား နည်းလာမည်ဖြစ်ကြောင်း သိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ SunSirs (၂-၁၂-၂၀၂၁)

Category: International News